နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေပြည်ဝေးတို့ရဲ့ သင်္ကြန်အချိန်အခါကို ကျရောက်လာပြန်ပါပြီ…။
ဒီနှစ်အတွက်တော့ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်ကို နေရာ အတည်တကျနဲ့ ဒီနေရာမှာ ဖွင့်လိုက်ပါတယ်…။ ဒီအွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးမှာ သီချင်း သံချပ် စတဲ့ သင်္ကြန်ရာသီစာလေးတွေနဲ့အတူ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်စွက်ထားပါတယ်။
ပြီးတော့ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေကလိုပဲ ရွှေပြည်ဝေးမှာ ပျော်ပျော်ပါးပါး သံချပ်ထိုးကြဖို့ စီစဉ်ထားပါတယ်… ဒါကြောင့် ဝါသနာပါတဲ့ ညီအကို မောင်နှမတတွေ တတ်နိုင်သမျှ ရေးဖွဲ့ပြီး ဒီမဏ္ဍပ်လေးမှာ သံချပ်လာထိုးကြပါ… လို့ ဖိတ်ခေါ်ပါတယ်။
နောက်ပြီး သင်္ကြန်ရက်တွေမှာ အိမ်မှာ အထူးတလည် လုပ်စားဖြစ်တဲ့ သင်္ကြန်မုန့်တွေ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပန်းချီတွေ၊ ကဗျာစု စာစု... စတာတွေကိုလည်း shwepyiway@gmail.com ကို ပို့ပေးနိုင်ပါတယ်။ အဲဒါတွေကိုလည်း မဏ္ဍပ်မှာ နေ့တိုင်း အချိန်နဲ့ တပြေးညီ Update လုပ်ပေးပါ့မယ်။
ဒီသင်္ကြန်မဏ္ဍပ်လေးဖြစ်လာဖို့ စတင်အကြံပြုခဲ့တဲ့ Former မဏ္ဍပ်ပိုင်ရှင် - ကိုဘလူးစကိုင်း BlueSky Forest နဲ့တကွ စာစု ကဗျာ ကာတွန်း စတဲ့ ပိုစ့်တွေကို အသုံးပြုခွင့်ပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးတင်ပါတယ်။ မတ်လဆန်းထဲကစပြီး အလုပ်များနေလို့ စိတ်ရော လူရော မအားတဲ့ကြားက ဒီမဏ္ဍပ်လေး အချိန်မီဖြစ်လာအောင် တော်တော်လေး အချိန်လုပြီး ကြိုးစားလိုက်ရပါတယ်။ ဒါကြောင့် ဒီမဏ္ဍပ်လေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပြ ပြောဆို ဝေဖန် အကြံပြုပေးသွားဖို့လည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်..။
See you all…
ရွှေပြည်ဝေး ၂၀၁၂သင်္ကြန်ကတော့ အရင်နှစ်တွေထက် လူပိုစည်မှာ သေချာ နေပါပြီ။ မအားလပ်တဲ့ကြားက အခုလိုဖြစ်လာအောင်လုပ်တာ သက်ဝေရဲ့ သင်္ကြန်ပိုး တခုထဲကြောင့်မဟုတ်ဘူးဆိုတာ ယုံပါတယ်။ မြန်မာဘလော်ဂါတွေ စုံစုံလင်လင် စုစုစည်းစည်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေချင်တဲ့ဆန္ဒလည်းပါမှာ သေချာတဲ့အတွက် သာဓုခေါ်ပါတယ်။ တလက်စထဲ သက်ဝေကိုဂုဏ်ပြုတဲ့အနေနဲ့ အိုးမည်းလည်း သုတ်သွားပါ တယ်ဗျား ။ ((%#@!*=$)) ဤအရာကို Oh..maee~ အိုးမည်း ဟုခေါ်သည် ။
ReplyDelete